ရက်စက်တယ်ဆိုမှတော့
ရာဇာက မင်းလား ငါလား
သေချာတာကတော့ တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်။
အေး ဒေါသကို ပျားသကာတွေ
လာကျွေးမယ်ဆိုရင်တော့
ပျားတွေရဲ့ အဆူးရမယ်။
မင်းလိုချင်တာကို ပြောလိုက်
မင်းရချင် ရလိမ့်မယ်
လောကကို ဒေါသမထွက်ဘူး
ဒေါသကြောင့် လောကကို မုန်းတာဟ။
အေးး နှလုံးသားတွေ ဓားနဲ့အမွန်းခံရချိန်မှာ
ငါ တွေးမိတာကတော့
ငါးလေးတွေကို အကြေးခွံနွှာသလိုပါပဲ။
မိုးကြယ်စင်